လှေစီး ရိုဟင်ဂျာဒုက္ခသည် ၁ဝဝ ခန့် အင်ဒိုနီးရှား ကမ်းခြေရောက်ရှိ

RFA Burmese
2023.11.14
လှေစီး ရိုဟင်ဂျာဒုက္ခသည် ၁ဝဝ ခန့် အင်ဒိုနီးရှား ကမ်းခြေရောက်ရှိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။
Reuters

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၁၀၀ လောက် ရောက်ရှိလာတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲက ဒီနေ့ ပြောကြားပါတယ်။

အများစုက ကလေးနဲ့ အမျိုးသမီးတွေဖြစ်ပြီး အာဟာရမပြည့်ဝဘဲ အားကုန်နေကြတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ခနော်နီခနော်နဲ့လှေတွေနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းသာမက မလေးရှားနဲ့ အင်ဒိုနီးရှားကိုသွားဖို့ ကြိုးစားကြတာနှစ်နဲ့ ချီနေပါပြီ၊ အထူးသဖြင့် ပင်လယ်ရေပြင် ငြိမ်သက်တဲ့ နိုဝင်ဘာနဲ့ ဧပြီကြားမှာ ပင်လယ်ဖြတ်သန်းပြီး အဲဒီနိုင်ငံတွေ ရောက်အောင် ကြိုးစားကြတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

ပင်လယ်ခရီးကြမ်းအတွင်း ရောဂါဘယ၊ ဆာလောင်ငတ်မွတ်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် ဘယ်ရွေ့ဘယ်မျှ သေဆုံးသလဲဆိုတာ အတိအကျ မသိရပါဘူး။

ဒီနှစ်အစောပိုင်းမှာ ရိုဟင်ဂျာတွေ အင်ဒိုနီးရှားကို ရာနဲ့ချီရောက်ရှိလာပါတယ်။ ၂၀၂၂ ဟာ ဆယ်စုနှစ်နီးပါးအတွင်း ပင်လယ်ပြင်မှာ ရိုဟင်ဂျာတွေ အများဆုံးသေဆုံးတဲ့နှစ်ဖြစ်တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။