ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည်များ

RFA( Burmese)
2023.05.14
ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည်များ
Photo: RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့မှာ မိုချာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မေလ ၁၄ ရက်နေ့က အနီးဆုံး မုန်တိုင်းရှောင်အဆောက်အုံတွေဆီ သွားရောက်ခိုလှုံနေကြတဲ့ မြင်ကွင်းတွေပါ။

2023-05-14T132505Z_119179267_RC28Y0ARQ2HK_RTRMADP_3_ASIA-STORM.jpg
(Photo:Reuters)

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မိုခါမုန်တိုင်း တိုက်ခတ်ချိန် အရေးပေါ်ရွှေ့ပြောင်းခိုလှုံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ပေးထားတဲ့ အဆောက်အအုံတွေဟာ ခိုင်ခံ့မှုမရှိတာကြောင့် စိုးရိမ်တယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

2023-05-14T134016Z_1556044908_RC25Y0AC1JGO_RTRMADP_3_ASIA-STORM.jpg
(Photo:Reuters)

ဘာသာရေးစာသင်ကျောင်းနဲ့ NGO၊ INGO တွေသင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားထားပေမယ့် အဲဒီအဆောက်အအုံအများစုဟာ ဝါးနဲ့တာလပတ်သာ အသုံးပြုဆောက်ထားလို့ ခိုင်ခံမှုမရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။