ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကူညီမယ့်ကတိ နော်ဝေဒုက္ခသည်ကောင်စီ ကြိုဆို

RFA Burmese
2024.08.22
ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကူညီမယ့်ကတိ နော်ဝေဒုက္ခသည်ကောင်စီ ကြိုဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ လောလောဆယ်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို ကြားဖြတ်အစိုးရက ဆက်လက်ထောက်ပံ့မယ်ဆိုတဲ့ ကတိကို ကြိုဆိုပါကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ နော်ဝေဒုက္ခသည်ကောင်စီ ညွှန်ကြားရေးမှူး Wendy MaCance က သြဂုတ် ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာ လူသားချင်းစာနာရေးဆိုင်ရာပြဿနာ ဖြစ်ပွားတဲ့ ၇ နှစ်ပြည့်မြောက်ခါနီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ဒုက္ခသည်တွေအခွင့်အရေး အားဖြည့်ပေးပြီး ကာကွယ်နိုင်အောင် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေနဲ့ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးဖို့လည်း တိုက်တွန်းပါတယ်။

၂၀၁၇ မှာ ရိုဟင်ဂျာ ခုနစ်သိန်း နေရပ်ရွှေ့ပြောင်းခဲ့ရပြီး ခုလည်း မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့အမျှ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေအနေဟာ အထူးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ နေရပ်ရွှေ့ပြောင်းရသူတွေ ဘေးကင်းလုံခြုံရာ ရှာဖွေနေကြတဲ့သတင်းတွေ ရရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ပဋိပက္ခကြောင့် ထွက်ပြေးလာရသူတွေကို လူသားချင်းစာနာရေး အကူအညီ အရောက်ပို့ဆောင်ခွင့်ပေးဖို့လည်း ကြားဖြတ်အစိုးရကို တိုက်တွန်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။