ရိုဟင်ဂျာ စက်လှေတစ်စီး မလေးရှား ကမ်းခြေကို ရောက်ရှိ


2018.04.03
rohingya-boat-622.jpg ရခိုင်က မွတ်စလင် ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စီးကို တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ခွာလာခဲ့ကြသူ မွတ်စလင် ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေတစ်စီး မလေးရှား ကမ်းခြေကို ဒီနေ့ ရောက်ရှိလာခဲ့ရာမှာ၊ သူတို့ကို မလေးရှား အာဏာပိုင်တွေက နိုင်ငံတွင်း ဝင်ခွင့်ပြု မယ်လို့ သိရပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် လူ ၅၆ ယောက်ပါ လှေကို လန်ကာဝီကျွန်း အနီးမှာ မလေးရှား အာဏာပိုင်တွေက ကြားဖြတ်တားဆီးခဲ့ပြီး၊ ရေနဲ့ ရိက္ခာ အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ ပေး ခဲ့ကြောင်း၊ သူတို့ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေဆီ လွှဲပြောင်းပေးမှာဖြစ်ကြောင်း မလေးရှား ရေတပ် က ပြောဆိုပါတယ်။

Arakan Project က ရိုဟင်ဂျာ အကျိုးဆောင် Chria Lewa က အဲဒီလှေဟာ စစ်တွေကနေ ထွက်လာခဲ့တာ သီတင်းတစ်ပတ်လောက်ရှိပြီလို့ ယူဆရကြောင်း၊ ဧပြီလဟာ ရေကြောင်းသွားလာရေး နောက်ဆုံးလဖြစ် လို့ နောက်ထပ် လှေတွေ အများကြီး ထပ်ရောက်လာနိုင်စရာမရှိကြောင်း ပြောပါတယ်။

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံရဲ့ ဒေသတွင်း လူမှောင်ခို တိုက်ဖျက်ရေးစီမံချက်ကြောင့် ရိုဟင်ဂျာ လှေစီး ထွက်ခွာသူတွေ ရှားပါးသွားခဲ့ရာက အခု ပြန်လည်ပေါ်ပေါက်စပြုလာတာဖြစ်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။