မြန်မာရိုဟင်ဂျာအဖွဲ့ လူအခွင့်အရေး တောင်းဆို


2016.10.27

ဗြိတိန်နိုင်ငံအခြေစိုက် BRO ခေါ် မြန်မာ ရိုဟင်ဂျာ အစည်းအရုံးက ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက လူသတ်မှု၊ မီးရှို့မှုစတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတဲ့ အတွက် မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာက ဖိအားပေးစေလိုကြောင်း အောက်တိုဘာလ ၂၇ နေ့စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

လန်ဒန်မြို့မှာရှိတဲ့ BRO အဖွဲ့ ဥက္ကဌ ဦးထွန်းခင်က သူတို့ထံမှာ သက်သေအထောက်အထားတွေ ရှိတယ်လို့ RFA ကိုပြောပါတယ်။

"ကျနော်တို့မှာ သက်သေအထောက်အထား ဗီဒီယိုတွေရှိပါတယ်၊ ဓါတ်ပုံတွေရှိပါတယ် ပြီးတော့ သူတို့မိသားစုအရင်းအချာတွေက သားသမီးတွေက သူတို့အဖေတွေကို သတ်ဖြတ်ခံရတဲ့အကြောင်း ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သူတို့ကိုဘယ်လိုဖမ်းဆီးသွားတာ၊ ဘယ်လိုကို အစိုးရက သေနတ်နဲ့ ကျည်ဆံဖောက်ပြီးတော့ သူတို့ကိုသတ်လိုက်တယ်ဆိုတဲ့ဟာတွေ အကုန်သူတို့အနေနဲ့ သေသေချာချာ ရှင်းပြထားပါတယ်"

ဒါ့အပြင် မြန်မာပြည်မှာ အာဏာရနေတဲ့ လက်ရှိ NLD အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့အပေါ် သြဇာလွှမ်းမိုးမှုသိပ်မရှိတဲ့အတွက် လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို တားဆီးနိုင်ခြင်း မရှိကြောင်း၊ ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ရိုဟင်ဂျာတွေကို ပါဝင်ကာကွယ်ပေးသင့်ကြောင်းနဲ့ ကုလလုံခြုံရေးကောင်စီ အနေနဲ့လည်း အရေးပေါ်ဆွေးနွေး အဖြေရှာသင့်ကြောင်း BRO အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

BRO အဖွဲ့ ဥက္ကဌ ဦးထွန်းခင်နဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။