အိန္ဒိယကို ရိုဟင်ဂျာတွေ ဝင်မလာအောင် ထိထိရောက်ရောက်တားနိုင်ခဲ့


2018.09.15
rohingya-refugees-622 Kutupalong ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: REUTERS

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အိန္ဒိယနိုင်ငံထဲ ဝင်မလာနိုင်အောင် ပိုင်ပိုင်နိုင်နိုင် တားမြစ်နိုင်ခဲ့တယ်လို့ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ရဲ့ ညွှန်ကြားရေးမှူးချုပ် K.K.Sharma က မနေ့က စနေနေ့မှာ ပြောလိုက်ပါတယ်။

အင်ဒေါဒေသက လက်နက်နဲ့ဗျူဟာ ဗဟိုကျောင်းမှာပြုလုပ်တဲ့ အစည်းအဝေးပြင်ပမှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ တဘက်မှာလည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အိန္ဒိယအစိုးရက လိုအပ်တဲ့အကူအညီတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုဆိုရင် အဲဒီရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံအောင်၊ ဒီကိစ္စကို နိုင်ငံတကာရေးရာအဖြစ် ဘင်္ဂလားဒေ့ရှ်က ဖိအားပေး ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အနောက်ဘန်ဂေါဒေသမှာ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးထားတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ သူကမဖြေနိုင်ဘူးလို့ ငြင်းပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။