ဒုက္ခသည်မှတ်တမ်းကို ICC တင်ပြဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်း


2018.06.04
muslim-flee-622.jpg နှစ်နိုင်ငံနယ်စပ် နတ်မြစ်ကိုဖြတ်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ခွာနေတဲ့ မွတ်စလင်တွေကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ၊ မှတ်တမ်းတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ တင်ပြဖို့ ဒါကာ တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတရပ်က ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒါကာတက္ကသိုလ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုလေ့လာရေးဌာန၊ Brac တက္ကသိုလ် ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ဌာန၊ Action Aid Bangladesh အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တဲ့ ICC နဲ့ ရိုဟင်ဂျာ ပြဿနာ ဆိုတဲ့ ဆွေးနွေးပွဲကနေ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒါကာတက္ကသိုလ်မှာ တင်ပြဆွေးနွေးခဲ့ကြတဲ့ အထောက်အထားတွေကို စုစည်းပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ တင်ပြဖို့ တရားသူကြီး ရီဖက် အာမက် က တိုက်တွန်းခဲ့ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံက ယာဘ မူးယစ်ဆေးပြား အမြောက်အမြား နယ်စပ်ကိုကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နေတယ်လို့ ဒါကာထရီဗြွန်းသတင်းစာက ဖေါ်ပြပါတယ်။ နယ်စပ်ကိုကျော်ပြီး မူးယစ်ဆေးပြားတွေ သယ်ဆောင်နေတဲ့ အဖွဲ့ ၁၄ ဖွဲ့လောက်ရှိရာမှာ ရိုဟင်ဂျာ ငါးရာလောက်ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။