သုံးရက်အတွင်း လှေစီးရိုဟင်ဂျာဒုက္ခသည် ၆ဝဝ ခန့် အင်ဒိုနီးရှားကမ်းခြေရောက်

RFA Burmese
2023.11.16
သုံးရက်အတွင်း လှေစီးရိုဟင်ဂျာဒုက္ခသည် ၆ဝဝ ခန့် အင်ဒိုနီးရှားကမ်းခြေရောက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။
AFP

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို နိုဝင်ဘာ ၁၆ ရက်နေ့က ရိုဟင်ဂျာ ၂ဝဝ ဝန်းကျင် ရောက်ရှိခဲ့ပြီး ဒီသုံးရက်အတွင်း စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲက ဒီနေ့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အာချေးပြည်နယ် Bireun ဒေသကို ရောက်ရှိလာပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲ Miftah Cut Ade က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီရိုဟင်ဂျာတွေဟာ ဒီရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ သုံးစီးမြောက်လှေဖြစ်ပါတယ်။

အာချေးပြည်နယ် Pidie ဒေသကို ဗုဒ္ဓဟူးနေ့က ရိုဟင်ဂျာအယောက် ၂၀၀ လောက်ရောက်ရှိခဲ့ပြီး အဲဒီမတိုင်ခင်တစ်ရက်ကလည်း ၁၉၆ ယောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ လူနည်းစုရိုဟင်ဂျာတွေဟာ ခိုင်ခံ့မှုမရှိတဲ့ လှေတွေနဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာ နှစ်နဲ့ချီရှိပြီလို့ ရိုက်တာက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။