ရိုဟင်ဂျာတွေ ပြန်လည်ခေါ်ယူရေး မြန်မာဝန်ကြီး ပြောကြား


2018.04.19
uehrd-press-622.jpg ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်း သွားရောက်ကြည့်ရှုခဲ့တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုက္ခသည်တွေရဲ့အခြေအနေတွေဟာ အလွန်အမင်း ဆိုးဝါးနေကြောင်းနဲ့ မိုးရာသီ ကျရောက်တော့မှာဖြစ်တဲ့အတွက် သူတို့ကို အမြန်ဆုံးပြန်လည် ခေါ်ယူရေးဟာ မိမိတု့ိရဲ့ အဓိက ရည်မှန်း ချက်ဖြစ်ကြောင်း မနေ့က ပြောကြားပါတယ်။

ဝန်ကြီးဟာ ကော့ဇ်ဘဇားဒေသက မွတ်စလင် ဒုက္ခသည်စခန်းတွေကို ၂ ရက်ကြာသွားရောက်ကြည့်ရှုခဲ့ပါတယ်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ အချက်အလက်ပြည့်စုံသူတွေကို နိုင်ငံသားအဖြစ် ခံယူခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။