ဦးကျော်မင်းဆွေကို လွှတ်ပေးဖို့ RSF တောင်းဆို
2017.06.21

Photo: Aung Thain Kha/RFA
ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးထားတဲ့ Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ပြန်လွှတ်ပေးဖု့ိ့ ပြင် သစ်အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ကြေညာချက်တစောင် မနေ့က ထုတ်ပြန် ပြီး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် RSF ရဲ့ထုတ်ပြန်ချက်မှာ မြန်မာ့တပ်မတော်ရဲ့ စွဲဆိုချက်ကို လက်မခံပဲ ပယ်ချဖို့နဲ့ အဲဒီ ဆက်သွယ်ရေး ဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်းလည်း ဖေါ်ပြထားပါတယ်။