စစ်ကောင်စီကို ရုရှားလက်နက်တင်ပို့တာ ကန့်သတ်နိုင်ဖို့ အမေရိကန်နည်းလမ်းရှာမည်

RFA Burmese
2023.02.01
စစ်ကောင်စီကို ရုရှားလက်နက်တင်ပို့တာ ကန့်သတ်နိုင်ဖို့ အမေရိကန်နည်းလမ်းရှာမည် အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အမေရိကန်သံမတ်၏ နေအိမ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကောင်စီကို ရုရှားက လက်နက်တွေပေးပို့နေတာ အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်မကင်းဖြစ်ရပြီး ဒီလို ပူးပေါင်းဆောင်ရွက်နေတာ ကန့်သတ်နိုင်ဖို့ ဆက်လက်ကြိုးစားမယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှု အသစ်တွေချမှတ်တာ အပါအဝင် စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့လည်း Derek Chollet က သူ့လူမှုကွန်ရက် twitter မှာရေးသားထားပါတယ်။

အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်မှာ နောက်ထပ်ခြောက်လ သက်တမ်းတိုးလိုက်တယ်လို့ သိရပါတယ်လို့လည်း ပြောပြီး စစ်ကောင်စီက ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမဆို လွတ်လပ်ပြီး တရားမျှတမဟုတ်ဘူးလို့ Derek Chollet က သုံးသပ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲမှာ ပြိုင်ဖက်အဖြစ် အလားအလာရှိသူအားလုံးကို အကျဉ်းချဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တကယ်တော့ စစ်ကောင်စီဟာ မြန်မာ့ပိုင်နက် ၅၀ % နီးပါး ထိန်းချုပ်ထားနိုင်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2023-02-01 22:15

Thank you, USA. Take your time and keep looking. Burma has plenty of people to sacrifice while waiting on you finding a way to restrict the Russian weapon export to Burma.