စစ်ကိုင်းက အလုပ်လက်မဲ့ ကျူးကျော်တွေကို စည်ပင်က ဝန်ထမ်းအဖြစ် ခန့်အပ်မည်

2016.09.07
municipal-sagaing-620.jpg အလုပ်ခန့်အပ်ထားတဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကို တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

စစ်ကိုင်းမြို့နယ်အတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျူးကျော်နေထိုင်သူတွေ အလုပ်အကိုင် ရရှိရေးအတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ကျူးကျော်တွေကို စည်ပင်သန့်ရှင်းရေးဝန်ထမ်းအဖြစ် အခုလက စတင်ခန့်အပ်ပေးနေပါတယ်။

အဲဒီသန့်ရှင်းရေးဝန်ထမ်းတွေဟာ တစ်ရက် လုပ်အားခ ကျပ် ၃၆၀၀ နဲ့ ရရှိမှာဖြစ်ပြီး နေထိုင်ဖို့ အတွက်လည်း ဝန်ထမ်းအိမ်ယာမှာ နေရာချထားပေးပါတယ်။လတ်တလောမှာ ကျူးကျော်နေထိုင်သူ ၅၀ ကို စည်ပင်သာယာရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက ကမ်းလှမ်းထားပါတယ်။

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းမြို့နယ်အတွင်းမှာ ကျူးကျော်နေထိုင်သူ ၃ ထောင် လောက်ရှိပြီး အဲဒီအထဲက ၁ ထောင်ကျော်ဟာ အမှန်တကယ် ဒုက္ခရောက်နေ သူတွေ ဖြစ်ကြပါတယ်။

အဲဒီ ကျူးကျော်နေထိုင်သူတွေထဲက ၁၀၀ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့လည်း စစ်တမ်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။