ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ စင်္ကာပူခရီး


2014.07.15
saimaukkham-305.jpg ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် MICC ခန်းမမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအနေနဲ့ စင်္ကာပူရဲ့ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု အတွေ့အကြုံ တွေကို လေ့ လာဖို့ရှိကြောင်း စင်္ကာပူကို ရောက်ရှိနေတဲ့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောကြားခဲ့ ပါတယ်။

စင်္ကာပူ သမ္မတ တိုနီ တန်ကင်ယမ်၊ ဒုတိယဝန်ကြီးချုပ် နဲ့ ပြည်ထဲရေးဝန်ကြီး တီယို ချီးဟီယန် တို့နဲ့ မနေ့က တွေ့ ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

ဒေါက်တာ စိုင်းမောက်ခမ်းဟာ တနင်္လာနေ့က Tuas South အမှိုက် မီးရှို့စက်နဲ့ ဆေးရုံတစ်ရုံကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီကနေ့မှာတော့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး ဌာနကို သွားရောက်လေ့လာမှာဖြစ်ပြီး၊ ITE ကောလိပ် မှာလည်း  ပညာရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အဖွဲ့ရဲ့ ငါးရက်ကြာ စင်္ကာပူခရီးစဉ်ဟာ ကြာသပတေးနေ့မှာ အဆုံးသတ် မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။