ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့်

ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။

2012.10.17
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိမြို့ ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။
RFA

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်တာလို့ အာဆဟိ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။

ဒီဆုကို တိုင်ဝမ် ကြက်ခြေနီ အဖွဲ့ကိုလည်း ပူးတွဲချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ တိုင်ဝမ် ကြက်ခြေနီအဖွဲ့ဟာ ၂၀၁၁ ခုနှစ် အတွင်းမှာ ဂျပန်နိုင်ငံ ဆူနာမီ နဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုအရေး ကာလတွေနဲ့ နောက်ဆက်တွဲ ပြန်လည် တည်ဆောက်ရေးမှာ အများဆုံး ကူညီမှုတွေ ပေးခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅ ခုနှစ်က သားငယ် ကင် ခေါ် ကိုထိန်လင်း နဲ့အတူ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်း လာရောက် သုတေသနပြုခဲ့ဖူးကြောင်း အာဆဟိ သတင်းစာက ရေးသားပါတယ်။

လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့ ဂျပန်စံတော်ချိန် နေ့လည် ၂ နာရီခွဲမှာ ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်မယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ တိုင်ဝမ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌက အမှာစကား ပြောကြားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။