ပစ္စည်းမဲ့ သင်္ဘောထားခဲ့တဲ့ ဆွဲသင်္ဘောကို မိပြီ


2018.09.01
sam-ratulangi-ship-622 သုံးခွမြို့နယ် သမ္မစိတ္တ ကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်မှာ ၂၀၁၈၊ သြဂုတ် ၁၉ ရက် ညက တွေ့ခဲ့ရတဲ့ SAM Ratulangi ဆမ် ရာကျူလန်ဂီ ကုန်တင်သင်္ဘောကို တွေ့ရစဉ်
Photo: Yangon Police - facebook

သုံးခွမြို့နယ် သမ္မစိတ္တ ကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်မှာ သြဂုတ်လ ၁၉ ရက်ညက တွေ့ခဲ့ရတဲ့ SAM Ratulangi ဆမ် ရာကျူလန်ဂီ ကုန်တင်သင်္ဘောဟာ တခြား တွဲဆွဲ သင်္ဘောတစ်စင်းက အင်ဒိုနီးရှားကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘောဖျက်စက်ရုံကို ဆွဲယူသွားနေစဉ် သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်မြစ်ဝ အရောက်မှာ ရာသီဥတုဆိုးဝါးတဲ့ အတွက် ဆွဲကြိုးပြတ်ပြီး ရေစီးနဲ့ မျောပါသွားခဲ့တာဖြစ်တယ်လို့ မြန်မာရေတပ်က စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

အဲဒီသင်္ဘောကို ထားခဲ့တဲ့ မလေးရှားနိုင်ငံပိုင် Independence ဆွဲသင်္ဘောကို မြန်မာရေတပ် စစ်ရေယာဉ်တွေက ကမ်းရိုးတန်းနဲ့ မိုင် ၅ဝ အကွာမှာ တွေ့ရှိဖမ်းဆီးခဲ့ပြီး အခုစစ်ဆေးမေးမြန်းနေပါတယ်။ သင်္ဘောပေါ်မှာ အင်ဒိုနီးရှား သင်္ဘောသား ၁၃ ဦး လိုက်ပါလာတယ်ဆိုတာ မှန်ကန်ကြောင်း ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။