စစ်တွေမြို့မှာ ညမထွက်ရအမိန့် ရုပ်သိမ်း


2014.09.11
sittwe-305 ရခိုင်ပြည်နယ် စစ်တွေမြို့ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်နှစ်ကျော်ကြာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဒီကနေ့  ရုပ်သိမ်းလိုက်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့ခံတွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီး ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

"ဝန်ကြီးချုပ်ကလည်း မြို့ခံတွေကိုလည်း ညှိပြီးတော့ လုံခြုံရေးအရလည်း ကောင်းသွားတဲ့ အတွက် ရုပ်ပေးတယ်ပေါ့၊ ရခိုင်တိုင်းရင်း သားတွေ ရှိတဲ့နေရာတွေမှာ လုံခြုံရေးကို ပိုပြီးတော့စီစဉ် ထားပါတယ်၊ နောက် ညပိုင်းလုံခြုံရေးကိုလည်း မြို့လူထုကလည်းပါဝင်ဖို့လိုတယ် ဆိုတဲ့အကြောင်း သူကနေပြီးတော့ပြောတယ်"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ၊ ကျောက်တော်၊ ကျောက်ဖြူ စတဲ့မြို့နယ် ၁၀ ခုကျော်လောက်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ် ၅ ခု လောက်မှာ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ဒေသခံတွေနဲ့ မွတ်စလင်တွေအကြား အေးချမ်းစွာနေထိုင်နိုင်ရေး ၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေးနဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်တွေရဲ့ အန္တရာယ် စတာတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးဝင်းမြိုင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။