ဘင်္ဂလားဒေ့ရှ် နယ်စပ်တဝိုက်မှာ မြန်မာဘက်က အစစ်အဆေး များပြား

ရခိုင် ပြည်နယ် မောင်းတော မြို့နယ်မှာ တာလီဘန် မူစလင် စစ်သွေးကြွလို့ ယူဆရသူတွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းနဲ့ အင်းစိန် ဗုံးပေါက်ကွဲမှုနဲ့ သံသယရှိသူဟာ ထွက်ပြေး လွတ်မြောက်နေတဲ့ ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့ သတင်းတွေကြောင့် ရခိုင်ပြည်နယ်နဲ့ နယ်စပ်မှာ အစစ်အဆေးတွေ များနေပါတယ်၊

2011.03.25

Cox’s bazzar လို့ခေါ်တဲ့ ဖလောင်းချိတ်နဲ့ တခြား နေရာတွေမှာ မြန်မာစစ် အစိုးရရဲ့ အယောင်ဆောင် ဘုန်းကြီးတွေ ရှိတယ်လို့ ဆိုပါတယ်၊၊

တာလီဘန်နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ ခေါင်းဆောင် ၈ ယောက်ကို ကျီးကန်းပြင် စခန်းမှာ စစ်ဆေးနေတယ်လို့လည်း နရိဉ္စရာ သတင်း တပုဒ်က ဖော်ပြပါတယ်၊၊

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်းတော မြို့နယ်မှာ တာလီဘန် အကြမ်းဖက် သမားတွေလို့ သင်္ကာမကင်းသူ အစ္စလမ် ဘာသာဝင် ၁၀၀ လောက်ကို မောင်းတော အခြေစိုက် နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (နစက) စစ် တပ်က ဒီမတ်လထဲမှာ ဖမ်းဆီးထားပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဇေယျ အိမ်ယာမှာ ဖေဖော်ဝါရီက ဖြစ်ပွားသွားတဲ့ ဗုံးပေါက်ကွဲမှုုမှာ ဒဏ်ရာရရှိသူနဲ့ အတူနေထိုင်ပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့လူဟာ ရခိုင် တိုင်းရင်းသား ဖြစ်နေလို့ သူ့ကို ဗုံးဖောက်ခွဲမှု သံသယနဲ့ လိုက်လံ ရှာဖွေနေတာပါ၊၊

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ မြန်မာဘက်က ကုန်စည် အဝင်နည်းတဲ့ အတွက် မြန်မာငွေ တန်ဖိုး တက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် အခြေအနေတွေကို နယ်စပ်အခြေစိုက်သူ တဦးက ပြောပြပါတယ်၊၊

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။