ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဝင်လွှတ်တော်အမတ်တစ်ဦး နုတ်ထွက်စာတင်


2019.09.02
seinwin-622.jpg မအူပင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း ကို တွေ့ရစဉ်
ဓါတ်ပုံ - မအူပင်စိန်ဝင်း

လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေတာဟာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည် ထောင်စု ဖော်ဆောင်ဖို့အားနည်းတာကြောင့် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ၄၅ ဦး ကော်မတီကနေ နုတ်ထွက်ခွင့်ပေးဖို့ မအူပင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဒီနေ့နုတ်ထွက်စာ တင်လိုက်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ အဆိုပြုချက်တွေကို အတည်ပြုဖို့အတွက် လျှို့ဝှက်မဲပေးစနစ်ဆောင်ရွက်ဖို့ တင်ပြခဲ့ရာမှာ လက်ထောင်ပြီး မဲခွဲခဲ့တာမျိုးတွေရှိခဲ့လို့ ပါတီကြီးတစ်ခုရဲ့ သဘောထားတစ်ခုတည်းဖြစ်နေတာမို့ အခုလို နုတ်ထွက်စာ တင်တာဖြစ်တယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး မူဝါဒဦးတည်ချက် ငါးချက်အပေါ် လိုက်နာမှုအားနည်းတာတွေရှိတာကြောင့် အနာဂတ်သမိုင်း တရားခံ မဖြစ်လိုတာကြောင့် နုတ်ထွက်ခွင့်ကို ပါတီရဲ့ဆုံးဖြတ်ချက်အရကော မိမိသဘောဆန္ဒအရပါ နုတ်ထွက်တာ လိ့ု အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (DUD) ပါတီ ဥက္ကဋ္ဌလည်းဖြစ် မအူပင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းရဲ့ အဲဒီနုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

ဦးစိန်ဝင်းဟာ အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုထားတာပါ။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။