ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်
2013.09.13

photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေ အတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ် မြို့နယ် တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။
ကိုသံလုံး၊ ကိုစိုးဝင်းနဲ့ ကိုသန်းလွင်တို့ကို အမိန့်ချပြီးတဲ့နောက် သံတွဲထောင်ကို ခေါ်သွားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဆန္ဒပြဖို့သက်ဆိုင်ရာကို အကြိမ်ကြိမ်ခွင့်ပြုချက်တင်ခဲ့ပေမယ့် မရတဲ့အဆုံး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြတာ လို့ ဒေါ်မဖြူကဆိုပါတယ်။
ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ သက်ဆိုင်ရာက တရားစွဲခဲ့ပြီး အာမခံနဲ့လွှတ်ပေးထားတဲ့အတွက်၊ အပြင်ကနေ တရားရင်ဆိုင်ခဲ့ရာကနေ ဒီနေ့မှာ အမိန့်ချခံလိုက် ရတာဖြစ်ပါတယ်။