စစ်တပ်သိမ်းမြေ ဧက ၄ သောင်း ပြန်ပေးမယ်
2016.07.05
ရှမ်းပြည်နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ဧက ၄ သောင်းကျော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ဒေသခံတောင်သူတွေထံ ပြန်လည်ပေးအပ်ဖို့အတွက် စိစစ်နေပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက စွန့်လွှတ်ခဲ့ပေမယ့် တောင်သူတွေ ပြန်မရသေး တာကြောင့် စနစ်တကျ ပြန်ပေးဖို့ စီစဉ်တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
"ကျနော်တို့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ ၂၀၁၅ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဌာနက အသုံးမပြုတော့ တဲ့ ပြန်လည်စွန့်လွှတ်မြေဧကတွေ ၄ သောင်းကျော် ရှိပါတယ်၊ တချို့တွေကပြန်ရပြီးတော့ တချို့တွေကပြန် မရတာရှိပါတယ်၊ တော်တော်များများ မရသေးတာပေါ့ဗျာ၊ အဲ့လိုဖြစ်နေတာကို ကျနော်တို့ကပြန်လည်စိစစ် ပြီးတော့ တကယ်သိမ်းဆည်းခံရတဲ့ မူလပိုင်ရှင်တွေထံကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရောက်ဖို့ အတွက် မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စိစစ်နေ ပါတယ်"
လယ်ယာမြေပြန်လည်အပ်နှံပွဲကို လာမယ့်သီတင်းပတ်အတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။
အဲ့ဒီမြေဧက ၄ သောင်းကျော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးမပြုတော့ဘဲ ကျန်နေတဲ့ မြေတွေဖြစ်ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက် က မြေယာအငြင်းပွားမှုတွေ ရှိနေတဲ့အတွက် ပြန်မပေးနိုင်သေးတာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် လယ်ယာမြေဧက ၁၅၀၀ ခန်ကိုလည်း အစိုးရသစ်လက်ထက်မှာ ကာကွယ်ရေးဝန်ကြီး ဌာနက ထပ်မံစွန့်လွှတ်လိုက်တာကြောင့် အဲ့ဒီမြေတွေကိုပါ မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်သွားမှာဖြစ် ပါတယ်။