ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို နေအိမ်အကျယ်ချုပ်ထား

2021.02.02
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို နေအိမ်အကျယ်ချုပ်ထား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကို တွေ့ရစဉ်
Photo: RFA

တပ်မတော်က အာဏာသိမ်းပြီး ဒုတိယနေ့ဖြစ်တဲ့ ဒီနေ့မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထဲက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် အစိုးရကပေးထားတဲ့ ဝန်ကြီးချုပ်နေအိမ်ကို ဒီနေ့ ပြန်ရောက်လာတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အပြင်ထွက်သွားလာခွင့်တော့ မပေးထားဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ထဲက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး စိုင်းရှန်တစ်လုံနဲ့ ပြည်နယ် NLD အတွင်းရေးမှူး ဦးမောင်မောင်စိန်၊ လားရှိုးမြို့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံ ဦးမျိုးနိုင်ဦး၊ မိုးမိတ်ပြည်နယ် မဲဆန္ဒနယ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ရွှေတို့ကိုတော့ တောင်ကြီးက စစ်ဌာနချုပ်မှာ ဆက်လက်ထိန်းသိမ်းထားတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လားရှိုးမြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးစိုင်းဘိုဘို၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးတို့လည်း ထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။