မြို့နယ် ၁၃ဝ ကျော်အတွက် မဲစာရင်းများ တနင်္လာနေ့ ထွက်မည်


2015.06.06
voters-list-620 ၂ဝဝ၈ ခုနှစ် မေလ ၂၄ ရက်နေ့က ရပ်ကွက်ရုံးမှာ မဲပေးခွင့်ရှိသူစာရင်း လာကြည့်သူတချို့ကို တွေ့ရစဉ်
(Photo: AFP)

လာမယ့် ဇွန်လ ၈ ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုက မဲပေးခွင့်ရှိသူ စာရင်းမှာ နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသက လူစာရင်းတွေမပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ဒေသတချို့မှာ နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို မကောက်ယူနိုင်ဘူးလို့  ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းကြည်က ပြောပါတယ်။

"မြို့နယ် ၁၃ဝ ကျော်ရှိတယ်၊ ကောက်လို့ရတဲ့ဟာတွေအကုန်ပါတယ် ရှမ်းပြည်ကလည်း လောက်ကိုင်တို့ဘာတို့ ကောက်လို့မရတော့ မပါဘူး ကျန်တာအကုန်ပါတယ်"

ကယား၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုမှာရှိတဲ့ မြို့နယ် ၁၃ဝ ကျော်မှာ မဲပေးပိုင်ခွင့်သူစာရင်းတွေကို ဇွန်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၄ ရက်ကြာ ထုတ်ပြန်မှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နေပြည်တော်ကောင်စီ ၈ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၂၄ မြို့နယ် စုစုပေါင်း ၃၂ မြို့နယ်က မဲပေးခွင့်ရှိသူစာရင်းတွေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ကျန်တဲ့မြို့နယ်တွေက မဲပေးခွင့်ရှိသူစာရင်းတွေကို ဇွန်လ ၂၂ ရက်နေ့နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန် မှာ ဖြစ်တယ်လို့သိရပါတယ်။

မဲစာရင်းမှာ အချက်အလက်မှားယွင်းတာတွေနဲ့ နာမည်မပါတာတွေကို ပြင်ဆင်ဖြည့်စွက်ပေးဖို့အတွက် ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးခွဲတွေမှာ မဲစာရင်းကြေညာထားတဲ့ သတ်မှတ်ကာလအတွင်း လျှောက်ထားရ မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။