မောင်တောမှာ ရိုဟင်ဂျာတစ်ဦး ပစ်သတ်ခံရ


2015.12.19
maungtaw-city-620.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောမြို့အနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ  မြန်မာနယ်ခြား စောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ရိုဟင်ဂျာ တစ်ဦး သေဆုံးခဲ့ကြောင်း ကုလားတန်သတင်းဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

သေဆုံးသူ ကိုမောင်မောင် ခေါ် မိုဟာမက် မူဆာဆိုသူဟာ အသက် ၂၃ နှစ်ရှိပြီး အဲဒီနေ့က ဗောလိဈေးကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့အတူ ခရီးသည် တင်ကားတစ်စင်းနဲ့ လိုက်ပါသွားခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်မှာ နယ်ခြားစောင့်တပ်ဖွဲ့က ငွေတောင်းခံရာကနေ သေဆုံးသူနဲ့ အချင်းများခဲ့ကြကြောင်း၊ အဲဒီအချိန်မှာ ရခိုင်လူမျိုး ဘတ်စ်ကားမောင်းသူက ကားကိုမောင်းထွက်ပြေးခဲ့တဲ့အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆ ဦးက ဆိုင်ကယ်တွေနဲ့ လိုက်လာ ပြီး မောင်နှမရွာအနီးမှာ ကားကိုမိတဲ့အခါ ကိုမောင်မောင်ကို  ပစ်သတ်သွားကြတာဖြစ်ကြောင်း စသဖြင့် ကုလားတန်သတင်းမှာ ပါရှိပါတယ်။

သေဆုံးသူကို မောင်တောဆေးရုံ ပို့ပြီး ဆရာဝန်စစ်ချက်ရယူကာ ဒီဇင်ဘာလ ဂ ရက်နေ့က ဘူးသီးတောင်မြို့မှာ သြင်္ဂ ိုလ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ သေနတ်နဲ့ ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့အရာရှိကို အရေးယူပေး ဖို့အတွက် သက်ဆိုင်ရာမိသားစုက မောင်တောရဲစခန်းမှာ တိုင်ကြားအမှုဖွင့် ထားကြောင်းလည်း သိရပါတယ်။ BNI နဲ့ မဇ္ဇိမသတင်းဌာနတွေက ထပ်ဆင့်ဖြန့်ဝေတဲ့ အခုသတင်းနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေထံက တစ်စုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဖူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။