သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသွားမည်
2011.12.05

AFP
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၀နဲ့ အရာရှိ ၆ ဦး ပါဝင်ပြီး ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၇ ရက် အထိ သွားရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယ သမ္မတ ပရာဒီဘာ ပါတေး၊ ဒုတိယ သမ္မတ ဟာမစ်အန်စာရီ၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဒီတို့ အပြင် အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ပြည်သူ့ လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့လည်း တရုတ်နိုင်ငံကို ရောက်နေတယ်လို့ သိရပါတယ်။