ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူရဦးရွှေမန်း ပြောကြား
2015.11.04

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လူထုထောက်ခံမှုအများဆုံး ပါတီဖြစ် ပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုကြောင်း ရိုက်တာသတင်းကဖေါ်ပြပါတယ်။
ဦးရွှေမန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ပယ်လိုက်ကြောင်း ကောလာဟလ သတင်းတွေ မနေ့ကထွက်ပေါ်အပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးကို ဖယ်ရှားခံထားရတဲ့ သူရဦးရွှေမန်းဟာ သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ဖြူးမြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောအပြီး သူ့ရဲ့ နေအိမ်မှာ ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံခဲ့ပြီး အခုလိုပြောဆိုခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရမယ်လို့ မျှော်လင့်ထားကြောင်း၊ ဒါပေမဲ့ လူတစ်ဦးချင်း အကျိုးစီးပွား၊ ပါတီနောက်ခံစတာတွေထက် တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားက ပိုအရေးကြီးကြောင်း၊ ပါတီအချင်းချင်း အပြန်အလှန်ပူုးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံ့အနာဂါတ်အတွက် အထူးအရေးကြီးကြောင်းလည်း သူရဦးရွှေမန်း က ပြောပါတယ်။