မြန်မာပြည်ထဲလျှို့ဝှက်ဝင်ရောက်တဲ့ သတင်းထောက် စစ်မြေပြင်သတင်းဆုဆွတ်ခူး

RFA Burmese
2023.10.15
မြန်မာပြည်ထဲလျှို့ဝှက်ဝင်ရောက်တဲ့ သတင်းထောက် စစ်မြေပြင်သတင်းဆုဆွတ်ခူး ဗြိတိန်-အီတလီ အလွတ်ဓာတ်ပုံသတင်းထောက် Siegfried Modola အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
RAYMOND ROIG / AFP

ပြင်သစ်နိုင်ငံက ထင်ရှားတဲ့ Bayeux စစ်မြေပြင်သတင်းထောက်ဆုကို ဟေတီ၊ မြန်မာ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းက ပဋ္ဋိပက္ခတွေကို သတင်းရယူ၊ ရိုက်ကူးသူတွေ ဆွတ်ခူးရရှိသွားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲ လျှို့ဝှက် ဝင်ရောက်ခဲ့တဲ့ ဗြိတိန်-အီတလီ အလွတ်ဓာတ်ပုံသတင်းထောက် Siegfried Modola ဆုချီးမြှင့်ခံရတာလို့ AFP သတင်းမှာ ပါရှိပါတယ်။

မြန်မာစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ ကရင်တော်လှန်ရေးအကြောင်း သူ့ဓာတ်ပုံအက်ဆေကို Canada's Globe and Mail မှာဖော်ပြခဲ့ပါတယ်။

Inside Myanmar’s Armed uprising မြန်မာပြည်တွင်းလက်နက်ကိုင်ပုန်ကန်ခြင်း ခေါင်းစဉ်နဲ့ ဓာတ်ပုံအက်ဆေးကို အဲဒီလိုဖော်ပြဖို့ နှစ်နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ သူ့ကို ဘဝဖြစ်ကြောင်းတွေပြောပြဖို့ ခွင့်ပြုသူတွေကို ကျေးဇူးတင်တယ်လို့ ဓာတ်ပုံ သတင်းထောက်က ပြောကြားကြောင်း ပြင်သစ် RFI ရေဒီယို– Radio France Internationale က အောက်တိုဘာ ၉ ရက်မှာဖော်ပြပါတယ်။

ဆီးရီးယားနိုင်ငံမှာ ISIS အစွန်းရောက် အဖွဲ့က ၂၀၁၂ မှာ ဖမ်းဆီးသွားတဲ့ အမေ့ခံရတဲ့ ဓားစာခံ ဗြိတိန်လူမျိုး John Cantlie အကြောင်း စုံစမ်းဖော်ထုတ်ရေးသားတဲ့ The Times က ဗြိတိန်သတင်းထောက် Anthony Loyd လည်း ဒီဆုဆွတ်ခူးရရှိပါတယ်။

ယူကရိန်းမှာ နှစ်ကြိမ်အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးအကြောင်း သတင်းရယူဖော်ပြတဲ့ Swiss RTS ရေဒီယိုနဲ့ France Info သတင်းထောက် Maurine Mercier နဲ့ ဟေတီရဲနဲ့ ဂိုဏ်းတွေကြားက တိုက်ပွဲမှတ်တမ်းရိုက်ကူးတဲ့ CNN အဖွဲ့သားတွေလည်း ဆုချီးမြှင့်ခံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။