မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ
2011.12.04
စင်္ကာပူ သဲတူးသင်္ဘောတွေဟာ သဲတွေ အဆမတန် စုပ်ယူခဲ့တဲ့ အတွက် ကော့သောင်းမြို့နယ်တဝိုက် ကမ်းပါးတွေပြို သဲသောင်တွေ နည်းပါးလာတာကြောင့် ကော့သောင်းမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေထံ စာရေးသား ပေးပို့ခဲ့ပြီးတဲ့နောက် သဲတူးသင်္ဘော ကုမ္ပဏီတွေ ၂ လနီးပါး သဲစုပ် ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဒါပေမယ့် နိုဝင်ဘာ လကုန်ပိုင်းက စပြီး စင်္ကာပူ သဲတူးသင်္ဘောတွေ ပြန်ရောက်လာပြီး အခုလို သဲတွေ တိတ်တဆိတ် စုပ်ယူနေတာပါ။
ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် မရွှေစင်က သတင်း ပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |