စင်ကာပူကို မြန်မာအိမ်ဖော်စေ လွှတ်မှု ယာယီရပ်တန့်ထား


2014.09.13
myanmar-maids-singapore-305 စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့် ရနိုင်ကြောင်း ကြေငြာထားစဉ်
Photo: Nicolas Axelrod

စင်ကာပူနိုင်ငံမှာ မြန်မာအိမ်ဖော်တွေ အခွင့်အရေး ဖိနှိပ်ချိုးဖောက်ခံနေရတဲ့အတွက် မြန်မာအစိုးရက စင်ကာပူနိုင်ငံကို အိမ်ဖော်အလုပ်သမားစေလွှတ် တာတွေ ခေတ္တရပ်နားထားတယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် အေဂျင်စီ ဖယ်ဒရေးရှင်းအဖွဲ့ က ပြောပါတယ်။

ယာယီရပ်နားထားတဲ့ကာလဟာ ၅ လကြာမှာဖြစ်ပြီး၊ စင်ကာပူက အလုပ်အကိုင်ကုမ္ပဏီတွေနဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီချက်သစ်လက်မှတ်ရေး ထိုးပြီးရင် ယာယီပိတ်ပင်ထားမှုကို ပြန်ခွင့်ပြုပေး မယ်လို့ ဆိုပါတယ်။

စင်ကာပူအခြေစိုက် အလုပ်အကိုင်အေဂျင်စီများ အသင်းရဲ့ ဥက္ကဌ Ms. K. Jayaprema ကတော့ ဒီယာယီ ရပ်နားမှုနဲ့ပတ်သက်လို့ မြန်မာသံရုံးက အသိပေးအကြောင်းကြားလာတာ မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာပြည်ပအလုပ်အကိုင်အသင်းနဲ့တော့ နားလည်မှုစာချွန်လွှာမူကြမ်းကိစ္စဆွေးနွေးနေဆဲဖြစ်ပြီး ၊ နှစ်ဖက်ညှိနှိုင်းရမယ့် ကိစ္စအတော်များများရှိသေးတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။