သံဃာတွေ နိုင်ငံရေးနယ်မကျွံဖို့ သီတဂူဆရာတော် မိန့်ကြား


2015.10.04
sitagu-mabatha-620.jpg ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ အောက်တိုဘာလ ၄ ရက်နေ့ကကျင်းပတဲ့ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲမှာ ဆရာတော် ဦးဉာဏိဿရက မိန့်ကြားနေစဉ်
Photo: Aung Thain Kha/ RFA

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလုပ်ကြရာမှာ သံဃာတော်တွေအနေနဲ့ နိုင်ငံရေးထဲ နယ်မကျွံမိစေဖို့ သီတဂူဆရာတော် ဦးဉာဏိဿရက မိန့်ကြား လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာကျင်းပတဲ့ အမျိုးစောင့် ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲမှာ ဆရာတော် ဦးဉာဏိဿရက မိန့်ကြားလိုက်တာဖြစ်ပါတယ်။

"ဒီလိုအမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ကြတော့ သံဃာတော် အရှင်မြတ်တွေက နိုင်ငံရေးလုပ် သလားလို့ မေးခွန်းတွေမေးစရာပါ၊ တချို့ သံဃာတော်တွေကလည်း နည်းနည်းနယ်ကျွံတယ်ထင်ပါတယ်၊ ကိုယ့်နယ်ထဲ ကိုယ်မနေဘဲ နယ်ကျွံပုံရတယ်၊ အဲ့ဒါကြောင့်အမေးအမြန်းလည်းခံရတယ်၊ အပြစ်တင်လည်းခံရ တယ်၊ မြတ်စွာဘုရားရဲ့စကားတစ်ခွန်းရှိပါတယ်၊ သူတစ်ပါးစားကျက်ထဲမသွားကြနဲ့ ကိုယ့်စားကျက်မှာကိုနေ ကြပါ"

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ကြတဲ့အပေါ် သံဃာတော်တွေအနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်နေတယ်ဆို တဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး သီတဂူ ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို အခြေခံ ပြီး နေထိုင်ဖို့အတွက်ကိုလည်း ဆရာတော်က တိုက်တွန်းထားပါတယ်။

အဲဒီအခမ်းအနားကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင် ဆရာတော်တွေ နိုင်ငံရေးပါတီ က တာဝန်ရှိသူတွေ၊ အမြို့မြို့အနယ်နယ်က မဘသအဖွဲ့ဝင် စုစုပေါင်း ၁ သိန်းခန့်တက် ရောက်ကြ တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုဘုန်းမြတ် ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။