စဉ့်ကိုင်မှာ လယ်သိမ်းခံတောင်သူ ၁၀ ဦးကို ထောင်ဒဏ်တွေ ချမှတ်
2014.08.19

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်က အရှေ့ရွာ သစ်၊ တမာကုန်းနဲ့ ဆီဆုံကျေးရွာမှာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ မှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူတွေထဲ က ၁၀ ဦးကို ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇၊ အကျိုးပျက် စီးမှု ပုဒ်မ ၄၂၇ နဲ့ စဉ့်ကိုင်မြို့နယ် တရားရုံးက ထောင် ဒဏ် ၄ လစီ ဒီနေ့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဒီနေ့ ပြစ်ဒဏ်ချမှတ်လိုက်ရတဲ့ ဆီဆုံကျေးရွာ က တောင်သူတစ်ဦးရဲ့ မိသားစုဝင် ဒေါ်ယဉ်သန်းက အခုလိုပြော ပါတယ်။
"အခု တောင်သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေထဲကို သမ္မတ ဦးဉာဏ်ထွန်းတို့၊ ဗိုလ်ချုပ် ဝေလွင် တို့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်တို့ရဲ့ ချထားတဲ့ စစ်တပ်ကသိမ်းထားတဲ့မြေယာများ ကို တောင်သူတွေ ကို ပြန်လည်ပေးအပ်မယ်ဆိုတဲ့ အမိန့်နဲ့ဆင်းလုပ်တာ၊ သူတို့က ကွင်းထဲကို ဆင်းလုပ်ပါတယ်ဆိုတဲ့ အဲ့လိုပုဒ်မနဲ့တိုင်ထားတာ၊ တရားလိုကို ရှေ့နေကနေပြီးတော့ စစ်တဲ့အချိန်မှာ သူကိုယ်တိုင်ကိုက ဒီတောင်သူ ၁၀ ဦးမှာ သူတို့မှာစိုက်ပျိုးထားတဲ့ နှစ်စဉ်သီးနှံပင်၊ စိုက်ပျိုးထားတဲ့ အပင်တွေကို ဖျက်ဆီးမှှုရှိလား၊ မဖျက်ဆီးပါဘူး၊ သူတို့ရဲ့ အကျိုးတရား ပျက်စီးစေမယ့်အရာများကို ဖျက်ဆီးလား၊ မဖျက်ဆီးပါဘူးလို့ တရားလိုကိုယ်တိုင်က ဖြေထားတာတောင်မှ သူတို့တရားစွဲထားတဲ့ ပုဒ်မ အောင်မြင်သွားပြီရှင့်"
ဒီနေ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၀ ဦးထဲက ၉ ယောက်ဟာ ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့ ၂ ကြိမ် တရားစွဲထား တာကြောင့် ထောင်ဒဏ် ၈ လစီ ကျခံရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်လောက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အမှတ် ၂ ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံ တည်ဆောက်ဖို့အတွက်ဆိုပြီး တောင်သူ ၂၀၀ ကျော်လောက်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၂၀၀ ကျော်ကို လျော်ကြေးမပေးပဲ သိမ်းယူထားခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
အဲ့ဒီလယ်ယာမြေတွေကို စစ်တပ်ကသိမ်းပြီးနောက် ကုမ္ပဏီတွေထံ လုပ်ကိုင်ခွင့်ပေးထားပြီး လက်ရှိမှာ ငါးမွေးမြူရေးကန်တွေနဲ့ သရက်ပင်စိုက်ပျိုးရေးတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
စဉ့်ကိုင်မြို့နယ်မှာပဲ စက်မှုဝန်ကြီးဌာနက စက္ကူနဲ့ ဝါစိုက်ပျိုးရေးစီမံကိန်းအတွက်ဆိုပြီး တက်မျှောနဲ့ ပလိပ်ကျေးရွာ ကသိမ်းယူထားတဲ့ လယ်ယာမြေဧက ၅၀၀ ကျော်မှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ ဒေသခံတောင်သူ ၄ ဦးကိုလည်း စဉ့်ကိုင်မြို့နယ် တရားရုံးက ကျူးကျော်ဝင်ရောက်မှု၊ အကျိုးပျက်စီးမှုပုဒ်မတွေနဲ့ ဒီနေ့ ထောင်ဒဏ် ၄ လစီချမှတ် လိုက်ပါတယ်။