စစ်တွေမြို့မှာ ညမထွက်ရအမိန့် သက်တမ်း ၂ လ ထပ်တိုး


2013.08.11

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစတင်ပြီး နောက်ထပ်သက်တမ်း ၂ လ တိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက စစ်တွေမြို့မှာ ထုတ်ပြန်ထားခဲ့တဲ့ ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အခြေအနေအရ ထပ်မံသက်တမ်းတိုး ထုတ်ပြန်တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။

"ဒီဥပဒေက မရုပ်သိမ်းဘူးရှိနေဆဲဆိုတာကို ပြည်သူတွေသိအောင် သတိပေးရပါတယ်၊ နှစ်လတစ်ကြိမ်  ဒီဥပဒေက မရုပ်သိမ်းဘူး ရှိနေတယ်ဆိုတာကို ပြန်ပြီးတော့ ကြေညာပါတယ်"

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာလည်း ည ၁ဝ နာရီကနေ မနက် ၄ နာရီအထိ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်း ၂ လ ထပ်တိုးကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့အနှံ့ လော်စပီကာတွေနဲ့ လိုက်လံကြေငြာပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့နယ်ပေါင်း ၁ဝ ခုကျော်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။