စစ်တွေမြို့ကို ညကိုးနာရီနောက်ပိုင်း ညမထွက်ရအမိန့် စစ်ကောင်စီထုတ်

RFA Burmese
2023.11.13
စစ်တွေမြို့ကို ညကိုးနာရီနောက်ပိုင်း ညမထွက်ရအမိန့် စစ်ကောင်စီထုတ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီ သံချပ်ကာကား တစ်စင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်အားလုံးမှာ နိုဝင်ဘာလ ၁၃ ရက်ဒီနေ့ကစပြီး ညနေ ၉ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ် မရှိဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ နိုဝင်ဘာ ၁၃ ရက်ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ထုတ်ပြန်တာလို့ ရေးသားထားပါတယ်။

စားသောက်ဆိုင်တွေနဲ့ လမ်းဘေးဈေးဆိုင်တွေအနေနဲ့ ည ၈ နာရီခွဲမှာ ဆိုင်ပိတ်သိမ်းဖို့နဲ့ အမိန့်ကိုလိုက်မနာရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညမထွက်ရအမိန့်နဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပေဒချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဒီနေ့မနက် အစောပိုင်းကစပြီး တိုက်ပွဲတွေ ပြန်စဖြစ်နေပါတယ်။

စစ်ကောင်စီတပ်ကလည်း စစ်တွေ-ရန်ကုန်ကားလမ်းနဲ့ စစ်တွေမြို့ကနေ တခြား မြို့နယ်တွေကို သွားလာတဲ့ ရေလမ်းကြောင်းကိုပါ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။