အကြမ်းဖက်ဖောက်ခွဲမှုတွေ မဖြစ်စေဖို့ စစ်တွေမှာ လုံခြုံရေး တိုးမြှင့်


2017.07.18
sittwe-security-620.jpg စစ်တွေမြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ညက ကားတွေနဲ့ ဆိုင်ကယ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ရပ်တန့်ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနက်ဖြန်ကျရောက်မယ့် အာဇာနည်နေ့အတွင်း အကြမ်းဖက်ဖောက်ခွဲတဲ့ ဖြစ်ရပ်တွေ မဖြစ်ပေါ်စေဖို့အတွက် မနေ့ကစတင်ပြီး လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အထက်ကညွှန်ကြားချက်အရ မြို့အဝင်အထွက်ဂိတ်တွေမှာ ယာဉ်တွေကို အဓိကစစ်ဆေးနေတာဖြစ်တယ်လို့ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော် က ပြောပါတယ်။

"လောလောဆယ်ဖောက်ခွဲရေးပစ္စည်းတွေမရှိအောင်လို့ အထက်ကညွှန်ကြားချက်နဲ့အညီ မြို့ဝင်၊ မြို့ထွက်ဂိတ်တွေကို စစ်ဆေးနေတာဖြစ်ပါတယ်"

အာဇာနည်နေ့ပြီးဆုံးတဲ့အထိ အခုလို စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို ဆက်လက်ပြီးတော့ အထက်ကညွှန်ကြားချက်တွေအပေါ်မှာမူတည်ပြီး အချိန်အခါမလပ် လုံခြုံရေးကို ဆောင်ရွက်မှာဖြစ်တယ်လို့ လည်း ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာ ဖောက်ခွဲမှုဖြစ်ပွားတဲ့သတင်းတွေ ရှိနေပေမယ့်လည်း စစ်တွေမြို့မှာတော့ အကြမ်းဖက်ဖောက်ခွဲရေးသတင်းတွေ ရရှိထားတာမရှိဘူးလို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

အာဇာနည်နေ့ လုံခြုံရေးအတွက် မြို့ပေါ်လုံခြုံရေးကင်းလှည့်တာတွေကိုလည်း အရင်ကထက် တိုးမြှင့် လုပ်ဆောင်နေတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။