ကချင်ကျောင်းသား ၆၀ ကျော် တိုက်ပွဲများကြောင့် စာမေးပွဲ မဖြေရ
2015.02.08

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက် ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ တဲ့အတွက် ကျောင်းသား ကျောင်းသူ ၆၀ ကျော် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိကြောင်း အောင်ဘာလေကျေး ရွာ အလယ်တန်းကျောင်းအုပ်ဆရာမကြီးက ပြော ပါတယ်။
အောင်ဘာလေကျေးရွာ အလယ်တန်းကျောင်းမှာ သူငယ် တန်းကနေ သတ္တမတန်းအထိ တက်ရောက်နေ တဲ့ ကျောင်းသား ကျောင်းသူတွေထဲက ၆၀ ကျော်ဟာ အတန်းတင် စာမေးပွဲမဖြေလိုက်ရဘူးလို့ ကျောင်းအုပ် ဆရာမ ဒေါ်ဂျာအောင်က ပြောပါတယ်။
"၁၇၃ ထဲမှာမှ ၁၃၇ ယောက်ပဲဖြေနေရတယ်၊ အခု ၆၀ ကျော်မဖြေလိုက်ရပါဘူး၊ မိသားစုအခြေအနေ ကလဲ တချို့ကျတော့မရှိရှာပါဘူး၊ တချို့မိဘတွေ ဆိုရင်ကလေး တွေကိုပြုစုဖို့အတွက် ဝက်တွေဘာတွေမွေး ရတာပေါ့၊ ဒီလိုမျိုးပစ်ခတ်နေကြတော့ အကုန်လုံးဆုံးရှုံးတာတွေရှိတယ်၊ ရှေ့ဆက်ဖို့ အတွက်ငွေရေးကြေးရေးလဲ တော်တော်ခက်ခဲနေပါတယ်၊ ပညာရေးကမဖွံ့ဖြိုးရတဲ့အထဲ အခုလိုမျိုး အမြဲတမ်းဖြစ်နေလို့စိတ်မကောင်းဖြစ်ရပါတယ်"
ကံဆီးဒေသ အောင်ဘာလေကျေးရွာအနီးမှာ အစိုးရတပ်မ ၆၆ နဲ့ ကေအိုင်အေတပ်ရင်း ၆ တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၃ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
အဲ့ဒီတိုက်ပွဲတွေကြောင့် အောင်ဘာလေ၊ ကံဆီး၊ ငှက်ပျောတော နဲ့ ဘော်ဇာဒီးကျေးရွာ က ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒီနှစ် ပညာသင်နှစ်မှာ အခြေခံပညာအဆင့် ကျောင်းပေါင်း ၃၉ ကျောင်းကို ဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက RFA ကို ပြောပါတယ်။