နိုင်ငံရေး အာမခံချက်ပေးဖို့ SNLD အကြံပြု
2016.12.09

အစိုးရနဲ့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ယေဘုယျ ဆန်ဆန် ပြောဆိုဆွေးနွေးမှုတွေကို ရှောင်ရှားပြီး နိုင်ငံရေးအာမခံချက်သဘောမျိုး ဘယ်လိုအချက်တွေကို ပေးနိုင် မယ်ဆိုတာကို တိတိကျကျချပြနိုင်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တေွဘက်က တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးနိုင်မယ်လို့ ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးပြီးတဲ့အခါ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဘယ်လိုဆွေးနွေး မယ်ဆိုတဲ့ အာမခံချက်မျိုးပေးဖို့ လိုအပ်တယ်လို့ SNLD ပါတီက တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
"NCA ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ ယေဘုယျသိပ်ဆန်လွန်းတဲ့ဟာမျိုးနဲ့ဆိုရင်တော့ ရှေ့ ဆက်သွားလို့မရပါဘူး။ ဖြစ်သင့်တာကတော့ NCA လက်မှတ်ထိုးရင် ဒီကိစ္စ၊ ဒီကိစ္စတွေပေးမယ်။ ကိုယ် ပိုင်အုပ်ချုပ်ရေးအတွက်ကို ဘယ်လိုနည်းနာမျိုးနဲ့ ဆွေးနွေးနိုင်မယ်ဆိုတဲ့ကိစ္စမျိုးကို တိတိကျကျ ဖော်ညွှန်း မယ်ဆိုရင်တော့ လက်မှတ်မထိုးနိုင်စရာမရှိဘူး"
အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေး အာမခံချက် အနေနဲ့ ဘယ်လိုကဏ္ဍတွေကို ပေးနိုင်မယ်၊ ဘယ်လိုကဏ္ဍတွေကို မပေးနိုင်ဘူးဆိုတာကို တိကျတဲ့မူဝါဒ ချမှတ် ထားတာ မရှိတဲ့အတွက် တိုင်းရင်းသားတွေဘက်က ယုံကြည်မှု အားနည်းနေတာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အခုလ ၇ ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော်အနေနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျော် လွန်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလှမ်းဝေးသွားစေနိုင်တယ်လို့လည်းပြောပါတယ်။