SNLD ပါတီ ညီလာခံကျင်းပပြီးစီး
2019.06.08

တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုရဲ့သဘော ထားအပေါ် အခြေခံကာ SNLD ပါတီအနေနဲ့ မားမားမတ်မတ်ရပ် တည်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
SNLD ပါတီရဲ့ ၂၀၁၉ ခုနှစ်ညီလာခံဖြစ်တဲ့ မြို့နယ်စုံညီ အစည်းအဝေးကို လားရှိုးမြို့မှာ ဇွန်လ ခြောက်ရက်နေ့ကနေ ခုနှစ်ရက်နေ့အထိ နှစ်ရက်အကြာပြုလုပ်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို လူမျိုးအခြေပြုသောပါတီကနေ ပြည်နယ်နဲ့ မူဝါဒကိုအခြေပြုသော ပါတီအဖြစ် ပြောင်းလဲတည်ဆောက်သွားဖို့ အားလုံးကသဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမယ့်အပြင် နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ လူငယ်နဲ့ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေး ဦးစားပေးဆောက်ရွက်မယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
SNLD အနေနဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးကိစ္စတွေမှာ မူဝါဒနဲ့ သဘောထားတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ် လို့လည်း ပါရှိပါတယ်။
အဲ့ဒီညီလာခံကို တက်ရောက်ခွင့်ရှိသူ ၃၆၇ ယောက်အနက် ၂၇၆ ယောက်တက်ရောက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၁၀၁ ယောက်ကို ရွေးချယ်ခဲ့ပါတယ်၊ အဲဒီဗဟိုကော်မတီဝင်တွေထဲကမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၁ ယောက်ကို ထပ်မံရွှေးချယ်လိုက်ပြီး ဥက္ကဋ္ဌကတော့ ဦးခွန်ထွန်းဦးကိုပဲ ဆက်လက်တာဝန်ယူထားပါတယ်။