တစ်နိုင်ငံလုံးရဲ့ မဲရလဒ် ပြည်သူ့ဆန္ဒကိုယ်စားပြုတယ်လို့ SNLD ထုတ်ပြန်
၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေဟာ မဲစာရင်းမှားယွင်းတာ၊ တရားမဲ့ပြုကျင့်တာရှိနိုင်ပေမယ့် တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ထွက်လာတဲ့ မဲရလဒ်ဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) က ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက် တာဟာ စစ်ကောင်စီကိုယ်တိုင် ဆုပ်ကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပြဌာန်းချက်တွေကို ကျော်လွန်နေပြီး ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန်ချက်မှာ ရေး သားထားပါတယ်။
ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်တာ၊ အငြင်းပွားတာတွေကို ခုံရုံးဖွင့်ပြီး ကိုယ်စားလှယ်လောင်းတွေကို လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့်တွေမပေးဘဲ ရလဒ်အကုန်လုံးကို ဖျက်သိမ်းတာက ဥပဒေနဲ့အညီ ရိုးရိုး သားသား ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်သူတွေကို နိုင်ထက်စီးနင်းပြုရာ ရောက်နေ တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကန့်ကွက်ခံရတာမျိုးမရှိတဲ့ အနိုင်ရ SNLD ကိုယ်စားလှယ် ၄၂ ယောက်ကိုလည်း လူထုကိုယ်စားလှယ် အဖြစ် SNLD က အသိအမှတ်ပြုထားတယ်လို့ ရေးသားထားပါတယ်။