မစုစည်းနိုင်ခဲ့လို့ ရွေးကောက်ပွဲ ရှုံးရတာလို့ SNLD ပြော


2015.11.29
snld-elections-campaign-620.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်စဉ်
Photo: Kan Thar/RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို မစုစည်းနိုင်ခဲ့လို့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်တယ်လို့ SNLD ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ SNLD ပါတီရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြန်လည်သုံးသပ်တဲ့ ဒုတိယမြောက်နေ့ အခမ်းအနားမှာ ဆွေးနွေးဖြစ်ခဲ့ ကြတယ်လို့ SNLD ပါတီရဲ့ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

"ဒီနှစ်ကရွေးကောက်ပွဲ ဘာလို့အနိုင်ရလဲ၊ ဘာဖြစ်လို့ရှုံးသလဲ၊ အဲ့သုံးသပ်ချက်တွေပဲ ဆွေးနွေးခဲ့တာပါ၊ နယ်တွေကမဲဆန္ဒရှင်တွေဟာ မဲပေးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးစိတ်ဝင်စားမှုမရှိဘူး၊ နောက် တိုင်းရင်းသားပါတီတွေ အချင်းချင်းကွဲပြားနေ ကြတယ်၊ အဲ့ဒါကိုလူထုအနေနဲ့ ဘယ်လိုမှမခွဲခြားနိုင် ဘူးပေါ့နော်၊ ဘယ်ဟာက အစိုးရရဲ့ပါတီဖြစ်တယ်၊ ဘယ်ဟာကအပြောင်းအလဲကိုလိုချင်တဲ့ အတိုက်အခံ ပါတီဖြစ်တယ်၊ တိုင်းရင်းသားတွေအတွက်ရွေးချယ်စရာ မရှင်းပြနိုင်တဲ့အတွက်ကြောင့် ရှုံးတယ်လို့ သုံးသပ်ပါတယ်"

ဒါ့အပြင် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း ခိုင်မာအောင်စည်းရုံးမထားနိုင်တဲ့ အားနည်းချက် လည်း ပါဝင်တယ်လို့ ပြောပါတယ်။

SNLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလက အားနည်းချက်တွေအပေါ် သုံးသပ်ပြီး လာမယ့် ရွေးကောက်ပွဲ တွေအတွက် ကြိုတင်ပြင်ဆင် သွားမယ်လို့ ပြောပါတယ်။

SNLD ပါတီက ပြည်နယ်လွှတ်တော်အတွက် ၂၅ နေရာ ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၃ နေရာ အနိုင်ရရှိထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။