SNLD အမှုဆောင် အဖွဲ့ ပြန်လည်ရွေးချယ်


2016.04.05
snld-conference-april-5-620.jpg SNLD ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဧပြီလ ၅ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ ကျင်းပနေစဉ်
Photo: Kan Thar/ RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ၃ ရက်ကြာ ညီလာခံကနေ ဦးခွန်ထွန်းဦးကို ဥက္ကဌအဖြစ် နဲ့ ဦးစိုင်းညွန့်လွင်ကို အထွေထွေအတွင်းရေးမှူး အဖြစ် ပြန်လည်ရွေးချယ်လိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကျားငါးကောင်တိုင်းရင်းဆေးတိုက်မှာ ဧပြီလ ၃ ရက်ကနေ ၅ ရက် နေ့ ဒီနေ့အထိ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပခဲ့တဲ့အခမ်းအနားမှာ ရွေးချယ်လိုက်တာဖြစ်တယ်လို့ ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဦးစိုင်းလိတ်က ပြောပါတယ်။

"ပါတီဥက္ကဌကနေစပြီးတော့မှ နောက်ဆုံးဗဟိုကော်မတီဝင်ထိပေါ့နော်၊ ပါတီဥက္ကဌ ကနေ ဗဟိုအလုပ် မှုဆောင်ထိဆိုရင် ၂၅ ယောက်ရှိပါတယ်၊ ဗဟိုကော်မတီ မှာက ၇၅ ပေါ့နော်၊ ၇၅ ယောက်ကနေမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၅ ကိုပြန်ရွေးတာပါ၊ အဲ့မှာပြန်ရွေးတော့ ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဒုဥက္ကဌ ၁ ကတော့ ဦးစိုင်းစောအောင်၊ ဒုဥက္ကဌ ၂ ကတော့ အရင်တောင်ကြီးဥက္ကဌ ဦးစိုင်းခမ်းဟုမ်ဖ ခေါ် ဦးစိုင်းခင်မောင်ညွန့်ပေါ့နော်၊ အထွေထွေအတွင်းရေးမှူးကတော့ အရင်လူ ပါပဲ ဦးစိုင်းညွန့်လွင်ပါ"

SNLD ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာပြောင်းလဲမှုမရှိဘဲ လက်ရှိစိုးရသစ်နဲ့လည်း လက်တွဲဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။

ပါတီဥက္ကဌကနေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၂၅ ဦးရှိပြီး ဗဟိုကော်မတီဝင် ၇၅ ဦးရှိတယ်လို့ ပြောပါတယ်။

အဲဒီပါတီဗဟိုကော်မတီဝင် ၇၅ ဦးထဲကမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်တာ ဖြစ်တယ် လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။