သာယာ၀တီမြို့နယ် NLD တိုင်းကိုယ်စားလှယ် အဖမ်းခံရ

2021.10.01
သာယာ၀တီမြို့နယ် NLD တိုင်းကိုယ်စားလှယ် အဖမ်းခံရ အဖမ်းခံရတဲ့ သာယာဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကိုကိုစိန် ကို တွေ့ရစဥ်
Photo: CJ
ပဲခူးတိုင်း (အနောက်ခြမ်း) သာယာ၀တီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကိုကိုစိန် ကို စက်တင်ဘာလ ၃၀ ရက် မနေ့ည ၁၁ နာရီခန့်မှာ စစ်ကောင်စီက လာဖမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဦးကျော်ကိုကိုစိန်ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားသူဖြစ်ပြီး မိဘတွေရဲ့ နေအိမ်ပြန်ရောက်ချိန်မှာ အဖမ်းခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
 
“သူက ကိုဗစ်ဖြစ်နေလို့ ခဏပြန်လာနေတာ၊ ညက လာဖမ်းသွားတာ ဘယ်ကိုဖမ်းသွားလဲ မသိရဘူး၊ ကိုဗစ်လည်းဖြစ်နေတာဆိုတော့ စိတ်ပူတယ်” လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
 
ဦးကျော်ကိုကိုစိန်ကို လာဖမ်းချိန်က မိသားစုဝင်တွေရဲ့ လက်ကိုင်ဖုန်း ငါးလုံးကိုပါ စစ်ကောင်စီဘက်က သိမ်းသွားတယ်လို့ ပြောပါတယ်။
 
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ပုန်းရှောင်နေတာဖြစ်ပြီး နေမကောင်းဖြစ်ချိန် ဆေးကုသဖို့ မိဘတွေဆီကို ပြန်လာနေတာ သိပ်မကြာသေးခင်မှာပဲ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။