စလင်းမြို့ NLD တိုင်းကိုယ်စားလှယ် ဒုတိယအကြိမ် အဖမ်းခံရ
2021.09.21
မကွေးတိုင်း၊ စလင်းမြို့နယ် အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ခိုင်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက် မနေ့မှာ ဖမ်းသွားပါတယ်။
ဘာကြောင့်ဖမ်းသွားလဲဆိုတာ မသိရသေးဘဲ လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ စလင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးသက်ခိုင်ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပထမအကြိမ် အဖမ်းခံခဲ့ရ ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ အဆက်အသွယ်မလုပ်ပါဘူးဆိုတဲ့ ဝန်ခံချက်နဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး အခုက အဖမ်းခံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။