တောင်ဒဂုံမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုခွင့်ပြန်ရ


2019.05.17
south-dagon-islam-622.jpg ဝတ်ပြုခွင့်ပိတ်ခံထားရတဲ့ တောင်ဒဂုံမြို့နယ်က အစ္စလာမ်ဘာသာရေးဝတ်ပြုဆောင်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ဝတ်ပြုခွင့်ပိတ်ခံထားရတဲ့ တောင်ဒဂုံမြို့နယ်က အစ္စလာမ်ဘာသာရေးဝတ်ပြုဆောင် သုံးခုကို မြို့နယ်အထွေထွေ အုပ်ချူပ်ရေးမှူးက ပြန်လည်ဝတ်ပြုခွင့်ပေးခဲ့ပြီး ရဲအင်အား၂၀ ကျော်နဲ့ လုံခြုံရေးပေးထားတယ်လို့ ၁၀၆ ရပ်ကွက်က ယာယီဘာသာရေးဝတ်ပြုဆောင် တာဝန်ခံ ဦးရန်အောင်က ပြောပါတယ်။

ဒီကနေ့နေ့လယ်ပိုင်းက စတင်ဝတ်ပြုခွင့်ကိုပေးခဲ့တာဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးကိုယ်တိုင် ယာယီ ဝတ်ပြုဆောင်တွေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနဲ့ ပြဿနာဖြစ်စဉ်မှာ အစ္စလာမ်ဘာသာဝင်တွေဖက်က သည်းခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ဝတ်ပြုဆောင်တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကို အရေးယူဖို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးက ပြောတယ်လို့ ဦးရန်အောင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၁၄ ရက်နေက စတင်ခဲ့တဲ့ တောင်ဒဂုံမြို့နယ်အတွင်းက ၁၀၆ ရပ်ကွက် ၂၆ ရပ်ကွက် ၆၄ ရပ်ကွက်က အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်တွေကို မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက ပိတ်ဖို့ဖိအားပေခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော ရဲလုံခြုံရေးတွေနဲ့ ဝတ်ပြုခွင့်ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။