တောင်ဒဂုံမှာ ပစ်ခတ်နေတာကြောင့် နှစ်ရက်အတွင်း လူလေးဦးထက် မနည်းသေဆုံး

2021.03.29
တောင်ဒဂုံမှာ ပစ်ခတ်နေတာကြောင့် နှစ်ရက်အတွင်း လူလေးဦးထက် မနည်းသေဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် တောင်ဒဂုံမြို့နယ်က ဒဏ်ရာရသူ တစ်ဦးကိ ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တောင်ဒဂုံမြို့နယ်မှာ ဒီနေ့ သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်နေပြီး ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ အများအပြားရှိနေပါတယ်။

မနေ့က မတ် ၂၈ ရက်နေ့ညက စစ်တပ်နဲ့ရဲတွေဟာ လမ်းတွေပေါ်က အတားအဆီးတွေကို ရှင်းလင်းရင်း နေအိမ်တွေ၊ လမ်းသွယ်တွေထဲကို အကြောင်းမဲ့ပစ်ခတ်ခဲ့ကြသလို လမ်းပေါ်ထွက်သူတွေကိုလည်း အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ နှစ်ဦးရဲ့ အလောင်းတွေကို မတ် ၂၉ ရက်နေ့ ဒီနေ့မနက်ပိုင်းမှ ရပ်ကွက်နေသူတွေက လိုက်ကောက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ဒဂုံ ၁၉ ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ကိုအောင်ကိုဦး ဟာ မတ် ၂၈ ရက်နေ့ နေ့ခင်းပိုင်းက လမ်းပေါ်ခဏထွက်တဲ့အချိန် ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ဒဂုံ ၅၅ ရပ်ကွက်မှာလည်း နေအိမ်တွေကို ပစ်ခတ်ခဲ့တာကြောင့် နှစ်နှစ်အရွယ် ကလေးတစ်ဦး နားရွက်ကို ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီမှာ ၁၈ ကွေ့မှတ်တိုင်အနားမှာ (မတ် ၂၈ ရက်) ညပိုင်းက စစ်တပ်နဲ့ရဲကပစ်လို့ ရွှေကျွန်းမြိုင် ၂ လမ်းက အသက် ၃၉ နှစ်အရွယ် ကိုပြည့်ဖြိုးမောင် ခေါ် ကိုပေတိုး၊ ၁၉ ရပ်ကွက် မြသီတာလမ်းက အသက် ၃၀ ကျော်အရွယ် ကိုမောင်မောင်အေး တို့ သေဆုံးရပြီး ၊ နေ့လယ်ပိုင်းမှာတော့ တောင်ဒဂုံ မြို့ နယ်၊ တံတားထိပ်မှတ်တိုင်အနားမှာ အသက် ၂၆ နှစ်အရွယ် မခိုင်ဇာသွယ် နားထင်စပ်ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးရတယ်လို့ မြန်မာနောင်းသတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တောင်ဒဂုံမြို့နယ်မှာ မတ်လ ၂၆ ရက်နေ့ကတည်းက နေ့ရောညပါ ပစ်ခတ်နေလို့ အဆိုးဆုံးခံနေရတဲ့မြို့နယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-03-29 21:56

Brutal army