တောင်ကိုရီးယား သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး
2012.05.15

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတွေအတွက် ဆောင်ရွက်ချက်တွေကို ချီးကျူးပြောကြားခဲ့သလို မြန်မာနိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ အနာဂတ်ဟာ မိမိတို့ရဲ့ လက်ထဲမှာသာ ရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေအပေါ် ချီးကျူးဂုဏ်ပြုကြောင်း၊ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အားရကျေနပ်မှု ဖြစ်မိကြောင်း ပြောကြားပါတယ်။
မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံမှုတွေဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာ ဖြစ်တယ်ဆိုတာ မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တောင်ကိုးရီးယားအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍက အရေးကြီးကြောင်း၊ ဒါကြောင့် တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာ့ပညာရေး တိုးတက်မှုတွေအတွက် အထောက်အကူပြုသွားမှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
ဒီကနေ့မနက် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |