တောင်ကိုရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး

တောင်ကိုရီးယား သမ္မတ Lee Myung-bak ဟာ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။

2012.05.14
lee-myung-bak-u-thein-sein-b305 ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်က တောင်ကိုရီးယား သမ္မတ Lee Myung-bak နှင့် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
Hmuu Zaw, Myanmar President’s Office

သူဟာ မနက်ဖြန် မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးအပြင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုရှိတာကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ မစ္စတာလီဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ Chun Doo-hwan နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်က ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား သူလျှိုတွေက ဗုံးဖောက်ခွဲ လုပ်ကြံတိုက်ခိုက်တာကြောင့် လူပေါင်း၂၁ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးနဲ့ ဝန်ကြီးအဖွဲ့ဝင် ၃ ဦးအပြင် တောင်ကိုရီယား အရာရှိကြီးတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။