ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား


2013.02.20
ssa_305.jpg ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များပုံ
photo: AFP

“လာပြီးတော့တိုက်တယ်၊ ကျနော်တို့ တန့်ယန်းမြို့နယ်ပေါ့၊ ၇ မိုင်စခန်းအရှေ့ဘက်ပေါ့၊ ကျနော်တို့တပ်က တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်း ၂၉၉ သူတို့က ခမရ ၃၂၂ ညနေငါးနာရီလောက်ထိ ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ”

နှစ်ဖက်အထိအခိုက် အကျအဆုံးနဲ့ ပတ်သက်လို့တော့ မသိရသေးဘူးလို့ ဗိုလ်မှုးစိုင်းလ က မနေ့က ပြောခဲ့ပါတယ်။

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းနဲ့ အစိုးရတပ်တွေ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတာ တစ်နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအတွင်းအစိုးရတပ်က ရှမ်းပြည်တပ်မတော်က တပ်ဖွဲ့တွေကို ဆုတ်ပေးဖို့ ပြောဆိုလာတာကြောင့် စခန်းတချို့ ဆုတ်ပေးလိုက်ရတာတွေလည်း ရှိခဲ့တယ်လို့ ဗိုလ်မှုးစိုင်းလ က ဆိုပါတယ်။

“သူတို့တိုက်ချင်တဲ့အချိန် တိုက်တယ်၊ နောက်အကောင်းပြောတဲ့အချိန် ပြောတယ်၊ အဲတော့ ယုံကြည်မှု တည်ဆောက်နေတဲ့အချိန်မှာ သူတို့လုပ်ချင်တိုင်း လုပ်နေရင်တော့ အဟန့်အတားတော့ဖြစ်မှာပေါ့”

SSA မြောက်ပိုင်းအဖွဲ့ပါဝင်တဲ့ UNFC  နဲ့ အစိုးရကိုယ်စားလှယ်တွေ ဒီကနေ့ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။