တပ်စခန်းတွေကို ဖယ်ရှားပေးဖို့ SSPP/SSA အဖွဲ့က ငြင်းဆို


2016.04.22
sspp-ssa-620.jpg ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်းနှင့် လွယ်ဖေးတောင်ကြောတစ် ဝိုက်မှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို ဒီနေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ တပ်မတော်က ညွှန်ကြားထားတာကို လက်မခံကြောင်း SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

တပ်စခန်းတွေ ပြောင်းရွှေ့ပေးဖို့ ညွှန်ကြားချက်ကို လက်မခံနိုင်ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) က တာဝန်ရှိသူတွေကို ဒီနေ့ ပြောခဲ့တယ်လို့ SSPP/SSA ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှုးအောင်လတ် က  ပြောပါတယ်။

တပ်မတော်က ဆုတ်ခွာဖို့ ညွှန်ကြားထားတဲ့ SSPP/SSA စခန်းတွေဟာ သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ ရှိပြီး SSPP/SSA ရှမ်းပြည်တပ်မတော်ရဲ့ မဟာမိတ်ဖြစ်တဲ့ UWSP/UWSA 'ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ဒေသတွေက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရှိနေတာကြောင့် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေဖြစ် ပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးတဲ့ အဖွဲ့ဖြစ်တဲ့ SSPP/SSA နဲ့ တပ်မတော်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ မိုင်းရှုးနဲ့ မိုင်းနောင်မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အရပ်ဖပ်အဖွဲ့အစည်းတွေက ပြော ပါတယ်။

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ SSPP/SSA ဝမ်ဟိုင်းဋ္ဌာနချုပ်မှာ ရှမ်းပြည်တပ်မတော် ၅၂ နှစ်မြောက်နေ့ကို ကျင်းပဖို့ရှိတယ်လို့ လဲ ဗိုလ်မှုးအောင်လတ် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။