ကျောက်မိုင်းတူးဖော်မှုတွေကို စီစစ်သွားမယ်လို့ မွန်ဝန်ကြီး ချုပ် ပြော


2017.03.22
dr-ayezan-620.jpg မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မတ်လ ၂၂ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်တွင် တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ်မှာ ကျောက်မိုင်းတူးဖော်တဲ့ကုမ္ပဏီတွေဟာ အစိုးရထံအခွန်ဆောင်တဲ့ ကျောက်ကျင်း အရေအတွက် ထက် ၁၀ ဆကျော် ထုတ်လုပ်နေပြီး ဒီနှစ်ကစတင်ကာ ကျောက်ထုတ်လုပ်တာတွေကို စီစစ်သွားမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။

ဒီနေ့မွန်ပြည်နယ်လွှတ်တော်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မွန်ပြည်နယ်ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းကိုဆွေးနွေးရာ မှာ ကိန်းဂဏန်းတွေဟာ လက်တွေ့နဲ့ ကွာဟနေတဲ့အကြောင်း ဆွေးနွေးရာမှာ ဝန်ကြီးချုပ်က ပြန်လည်ပြောကြားခဲ့ တာဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကျောက်မိုင်းလုပ်ကွက် ၈ဝ ကျော် ရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

အဲဒီကျောက်မိုင်းတွေက ထွက်ရှိတဲ့ ကျောက်ကျင်းတစ်ကျင်းကို မွန်ပြည်နယ်အစိုးရက အခွန်အဖြစ် ကျပ်၂၅၀၀ ရရှိတာဖြစ်ပါတယ်။

အခွန်တွေပိုမိုရရှိအောင် ကျောက်မိုင်းတွေကနေ အမှန်တကယ်ထွက်ရှိတဲ့ ကျောက်ကျင်း အရေအတွက်ကို မြို့နယ် သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွေက အနီးကပ်စောင့်ကြည့်တာတွေ၊ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ကျောက်မိုင်းခွဲရာမှာ အသုံးပြုတဲ့ ခွဲမိုင်းတွေနဲ့ပတ်သက်ပြီး စစ်ဆေး သွားမှာဖြစ်သလို ချိုးဖောက်ရင် အရေးယူဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ကျောက်မိုင်း ၅၀နီးပါးကို စစ်ဆေးခဲ့ရာမှာ တစ်ခုမှ စည်းကမ်း လိုက်နာတာ မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။