သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-17
RFA ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုကြောင့် မတ်လ ပထမနှစ်ပတ်အတွင်း အရပ်သား ၉၂ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
2025-03-17
ဗန်းမော်မြို့က စိန့်ပက်ထရစ် ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးသွားပါတယ်။
2025-03-17
ချောက်မြို့နဲ့ မကွေးမြို့တို့ဟာ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းထဲမှာ ပါဝင်လာကြောင်း ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို အချိန်နဲ့အလိုက် ထုတ်ပြန်နေတဲ့ အယ်ဒိုရာဒို (eldorado) ၀ဘ်ဆိုက်စာမျက်နှာက မတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဖော်ပြပါတယ်။
2025-03-17
ဖလမ်းမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ ခလရ (၂၆၈) တပ်စခန်းကုန်းကို ချင်းညီနောင်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
2025-03-17
မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး အလားအလာအတွက် ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ကြောင်း BenarNews က ဖော်ပြပါတယ်။
2025-03-17
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို မတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။
2025-03-16
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၅ ရက်နေ့ညမှာ မြေတော်ရွာကနေ ပြန်ထွက်သွားတာကြောင့် ဒေသခံတွေက ရွာထဲကို ပြန်လည်ဝင်ရောက်ချိန်မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်းကိုတွေ့ရတာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
2025-03-16
ကီလိုမီတာ ၁၆၄၃ ရှည်လျားတဲ့ မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာမဲ့ အစီအစဉ်ကို အိန္ဒိယအစိုးရ အရာရှိတွေက လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာလို့ သတင်းမှာဖော်ပြပါတယ်။
2025-03-16
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးကြတာလို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
2025-03-16
မန္တလေး၊ ကရင်၊ မွန်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ နှစ်ရက်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင် (၁,၉၇၄,၂၈၃,၁၈ ၄) တန်ဖိုးရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိပါတယ်။
2025-03-16
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။
2025-03-16
ညောင်ကျိုးရွာက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းအများစုကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပါတယ်။
2025-03-15
သမ္မတဒေါ်နယ်ထရန့်ရဲ့ အမိန့်စာဟာ VOA၊ RFA၊ RFE/RL အပါအဝင် အမေရိကန်အစိုးရထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေကို ဦးစီးနေတဲ့ မိခင်ဌာန USAGM ကို ဖျက်သိမ်းဖို့ ရည်ရွယ်ထားပါတယ်။
2025-03-15
ဒီရက်ပိုင်းအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ၊ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေ ထပ်ဖမ်းဆီးရမိတာတွေရှိပေမဲ့ အရေအတွက်နဲ့ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။
2025-03-15
မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံကို ခြွင်းချက်တစ်ချို့နဲ့ ပြည်ဝင်ခွင့်လက်ခံပေမဲ့ အလည်အပတ်၊ ကျောင်းသားနဲ့ တခြားအခြေစိုက်ပြောင်းရွှေ့မယ့်ပြည်ဝင်ခွင့်ဗီဇာတွေ ဆိုင်းငံ့ဖို့ရှိတယ်လို့ ဆိုပါတယ်။