သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-06
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားဦးရေ ၃ သိန်းကျော် ရှိသွားပြီလို့ A Burmese American Community Institute (BACI) က သြဂုတ်လ (၃) ရက်နေ့ နေ့စွဲနဲ့ စာတမ်းတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-08-05
မွန်ပြည်နယ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမအသင်းဝင်တွေကို တရုတ် EXIM သွင်းကုန် ထွက်ကုန်ဘဏ်ကနေ ၂ဝ၁၄ ခုနှစ်က စတင်ပြီး အတိုးနှုန်းသက်သက်သာသာနဲ့ အမေရိကန်ဒေါ်လာ ၈၆ သန်းနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ ၁ဝ ဒဿမ ၃ ဘီလီယံ ထုတ်ချေးထားပါတယ်။
2016-08-05
ရခိုင်၊ ပလောင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေကို လက်နက်စွန့်စရာမလိုပဲ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တက်ခွင့်ပေးမယ် ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ သဘောထားဟာ မှန်ကန်တယ် ဆိုရင် ဆွေးနွေးပွဲ အောင်မြင်ဖို့ အလားအလာကောင်းသွားပြီ လို့ AA ရက္ခိုင့်တပ်မတော်က ပြောပါတယ်။
2016-08-05
ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံ ညီလာခံ ထောက်ခံပွဲကို မန္တလေးမြို့ ၆၂ လမ်းက မနော်ယမန် လူထုဟစ်တိုင်ကွင်း မှာ ဒီနေ့ညနေ ၅ နာရီက ပြုလုပ်ခဲ့ပါတယ်။
2016-08-05
ကချင်ပြည်နယ် ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတဝိုက် မှာ ရွှေခိုးတူးဖော်နေတဲ့ တရုတ်နိုင်ငံ သားတွေနဲ့ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေ ကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-08-05
ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါး၊ ပုဇွန်တွေ ရှားပါးလာတဲ့အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်တွေ နဲ့အညီ စိစစ်ပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကို ပြည် နယ်လွှတ်တော် ကနေ တိုက်တွန်းသွားဖို့ ဒီနေ့ဆုံးဖြတ်လိုက် ပါတယ်။
2016-08-05
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေ နဲ့ ပြည်သူတွေအမြင်လွဲစေမယ့် အလုပ်တွေ ကို ရှောင်ရှားပြီး ပါတီတွင်း စည်းလုံးညီညွှတ်မှု ရှိအောင် ကြိုးစားကြဖို့အတွက် ပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး က တိုက်တွန်းပြောကြားလိုက် ပါတယ်။
2016-08-05
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ၂ ရက်အတွင်း နောက် ထပ် ၅ ဦးထပ်မံ သေဆုံးသွားတဲ့အတွက် စုစုပေါင်း သေ ဆုံးသူ ၃၈ ဦး ရှိနေပြီဖြစ်ပါတယ်။
2016-08-05
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အပါအဝင် ရခိုင်၊ ကယား ၊ မွန် ၊ ကရင်နဲ့ တနင်္သာရီ စတဲ့ ဒေသတွေမှာ စားနပ် ရိက္ခာထောက်ပံံ့ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြည်သူ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-08-05
ရေဘေးဒေသတွေမှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ဖို့ တပ်မတော်က ရဟတ်ယာဉ်၊ ရေယာဉ်တွေကို အကူအညီတောင်းခံနိုင် တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။
2016-08-05
လွှတ်တော်ကိုယ်စားလှယ်တွေ ကို ပြည်သူတွေ တိုက်ရိုက်ဆက် သွယ်မေးမြန်းနိုင်မယ့် "ပွင့်လင်း လွှတ်တော်" အင်တာနက်စာမျက်နှာနဲ့ "Open Hlutaw" Facebook စာမျက်နှာကို ရန်ကုန်မြို့ ဖန်တီးရာအဖွဲ့ရုံးမှာ ဒီကနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။
2016-08-04
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါဝင်နိုင်ဘဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အနေနဲ့ လက်နက်စွန့်စရာမလိုဘဲ ဆွေးနွေးပွဲ တက်ရောက်နိုင်ပြီလို့ မြန်မာ့တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူတစ်ဦးက ပြော ဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2016-08-04
ကချင်ပြည်နယ် ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာရဲ့ အနောက်ဘက် ချောင်းဆုံရွာဘက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
2016-08-04
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မှာ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE က ဒေသခံတောင်သူ ၂၀ ကျော်ကို ဒီနေ့ သီးနှံလျော်ကြေးငွေပေးအပ်ရာမှာ ဒေသခံတောင်သူတွေ က ငြင်းဆိုလိုက်ပါတယ်။
2016-08-04
နိုင်ငံအဝန်းရေကြီးနိုင်တဲ့ နေရာအားလုံး ကြိုတင်ကာကွယ်ရေးအစီအမံတွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်ဆောင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆယ်ဦးတို့က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးကြ ပါတယ်။